အိုဆာကာပြည်နယ်နိုင်ငံခြားသားသတင်းအချက်အလက်စင်တာ

အိုဆာကာပြည်နယ်နိုင်ငံခြားသားသတင်းအချက်အလက်စင်တာ

အခမဲ့! လျှို့၀ှက်ချက်ကိုထိန်းသိမ်းပါမည်။

[အိုဆာကာပြည်နယ်နိုင်ငံခြားသားသတင်းအချက်အလက်စင်တာ] ဆိုသည်မှာ နိုင်ငံခြားသားများမှ စိတ်အေးချမ်းစွာနေထိုင်နိုင်ရန်၊ဂျပန်ဘာသာအပါအ၀င် ဘာသာစကား ၁၂မျိုးဖြင့်
နေထိုင်မှုနှင့်သက်ဆိုင်သောအချက်အလက်များအပါ အခြားသောသတင်းအချက်အလက်များထောက်ပံ့မှုနှင့် အထွေထွေဆွေးနွေးတိုင်ပင်မှုများအား လုပ်ဆောင်ပေးနေပါသည်။
ဆွေးနွေးတိုင်ပင်မှုများကို လူကိုယ်တိုင် လာရောက်၍ဖြစ်စေ
၊ဖုန်း၊Line ၊အီးမေးလ် ဖြင့် ဖြစ်စေ လက်ခံဆောင်ရွက်နေပါသည်။
ထို့အပြင် ရှေ့နေ၊ဥပဒေစာချုပ်စာတမ်းဆိုင်ရာ အတိုင်ပင်ခံ ၊ဆေးဘက်ဆိုင်ရာစိတ်ပညာရှင် ၊ လူမှုဖူလုံရေးနှင့် အလုပ်သမားရေးရာ အကြံပေး ၊ အိုဆာကာ လူဝင်မှုကြီးကြပ်ရေးနှင့် နေထိုင်ခွင့်စီမံခန့်ခွဲရေးဌာန နှင့် အိုဆာကာပြည်နယ်အလုပ်သမားရေးရာနှင့်လုပ်ငန်းခွင်ပတ်၀န်းကျင် ဌာနမှ တာဝန်ရှိသူများနှင့် တိုက်ရိုက်ဆွေးနွေးနိုင်သည့် အထူးတိုင်ပင်ဆွေးနွေးနိုင်သောနေ့ရက်များ ကိုလည်း စီစဉ်ထားပါသည်။
Zoom ဖြင့်လည်းဆွေးနွေးတိုင်ပင်နိုင်ပါသည်။
ဆွေးနွေးတိုင်ပင်နိုင်သည့်အသေးစိတ်အကြာင်းအရာများနှင့် နေ့ရက်အချိန်များအား Event Calendar (ပွဲအစီအစဉ်ပြက္ခဒိန်)တွင်ကြည့်ရှု့နိုင်ပါသည်။
လွတ်လပ်စွာအသုံးပြုနိုင်ပါသည်။

ဆွေးနွေးနိုင်သောဘာသာစကားများအင်္ဂလိပ်၊တရုတ်၊ကိုရီးယား၊ပေါ်တူဂီ၊စပိန်၊ဗီယက်နမ်၊ဖိလစ်ပိုင်၊ ထိုင်း၊အင်ဒိုနီးရှား၊ နီပေါ၊မြန်မာ၊ဂျပန်
ဆွေးနွေးနိုင်သောအချိန်◆ တနင်္လာနေ့ ~သောကြာနေ့ မနက် ၉:၃၀ ~ ညနေ ၅:၃၀
◆ စတုတ္ထမြောက် သောကြာနေ့ မနက် ၉:၃၀ ~ ည ၈:၀၀(ညနေ ၅:၃၀ နောက်ပိုင်း လူကိုယ်တိုင်လာရောက်မည်ဆိုပါက ကြိုတင်ရက်ချိန်းယူရန် လိုအပ်ပါသည်။)
◆ တတိယမြောက် တနင်္ဂနွေနေ့ မနက် ၉:၃၀ ~ ညနေ ၅:၃၀
(အစိုးရရုံးပိတ်ရက်များနှင့် ဒီဇင်ဘာလ ၂၉ ရက်မှ ဇန်နဝါရီလ ၃ ရက်အထိ ပိတ်ပါသည်။)
ဆွေးနွေးနိုင်သော အကြောင်းအရာများနေထိုင်ခွင့် (ဗီဇာ) ဆိုင်ရာကိစ္စများ၊အလုပ်အကိုင်နှင့် အလုပ်သမားရေးရာ၊ကျန်းမာရေးနှင့် ဆေးဝါးကုသရေး၊လူမှုဖူလုံရေး၊ပညာရေးအစရှိသည့် နေထိုင်မှုနှင့်သက်ဆိုင်သော အထွေထွေကိစ္စများ။
အထူးကျွမ်းကျင်သူများနှင့် ဆွေးနွေးခြင်းအထူးကျွမ်းကျင်သူများနှင့် သီးသန့်ဆွေးနွေးလိုပါက မူအားဖြင့် ကြိုတင်ရက်ချိန်းယူရန် လိုအပ်ပါသည်။
◆ ပထမမြောက် သောကြာနေ့ ရှေ့နေ၊အိုဆာကာ လူဝင်မှုကြီးကြပ်ရေးဌာနမှ တာဝန်ရှိသူ၊လူမှုဖူလုံရေးနှင့် အလုပ်သမားရေးရာ အကြံပေး
◆ ဒုတိယမြောက် သောကြာနေ့ အိုဆာကာပြည်နယ် အလုပ်သမားရေးရာနှင့်လုပ်ငန်းခွင်ပတ်၀န်းကျင် ဌာနမှ တာဝန်ရှိသူ၊အိုဆာကာ လူဝင်မှုကြီးကြပ်ရေးဌာနမှ တာဝန်ရှိသူ
◆ တတိယမြောက် တနင်္ဂနွေနေ့ နှင့် စတုတ္ထမြောက် သောကြာနေ့ ရှေ့နေ၊ ဥပဒေစာချုပ်စာတမ်းဆိုင်ရာ အတိုင်ပင်ခံ ၊ဆေးဘက်ဆိုင်ရာစိတ်ပညာရှင်
*အသေးစိတ်အကြာင်းအရာများအား Event Calendar(ပွဲအစီအစဉ်ပြက္ခဒိန်) တွင် ကြည့်ရှု့နိုင်ပါသည်။
တည်နေရာအိုဆာကာမြို့၊ Chuo-ku၊ Honmachibashi 2-5 MyDome Osaka ၅ ထပ်
(အိုဆာကာပြည်နယ် နိုင်ငံတကာဆက်ဆံရေးလှုပ်ရှားမှုများ ဖောင်ဒေးရှင်း
アクセス(PDF) Google Maps
တိုင်ပင်ဆွေးနွေးရန် ဖုန်းနံပါတ်06-6941-2297
မေးလ်jouhou-c@ofix.or.jp ※ဂျပန်ဘာသာ၊အင်္ဂလိပ်ဘာသာဖြင့်သာ။

အိုဆာကာနေထိုင်မှုလမ်းညွှန်စာအုပ်

အမေးများသော နေထိုင်မှုဆိုင်ရာမေးခွန်းများစုစည်းမှု